Sunday, May 28, 2023
HomeLead Storyဂင်းနစ်စံချိန်ဝင် ကမ္ဘာ့နှာတံအရှည်ဆုံး အမျိုးသား သေဆုံး

ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့နှာတံအရှည်ဆုံး အမျိုးသား သေဆုံး

ကမ္ဘာ့နှာတံအရှည်ဆုံး ဂင်းနစ်စံချိန်ဝင် တူကီယဲ (တူရကီ) နိုင်ငံသား မစ္စတာအိုဇီရက်ဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ Daily Mail က ဖော်ပြထားပါတယ်။

မစ္စတာအိုဇီရက်ဟာ နာမကျန်းဖြစ်ပြီး ဦးနှောက်ခွဲစိတ်မှု မပြုလုပ်မီ နှလုံးဖောက်သွားပြီး သေဆုံးခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် မစ္စတာအိုဇီရက်ရဲ့ နှာခေါင်းဟာ ၃ လက်မခွဲခန့်ရှိပြီး ဖဲချပ်တခုရဲ့အရှည်နဲ့ ညီမျှတယ်လို့ ဂင်းနစ်စံချိန်အဖွဲ့က ပြောကြားခဲ့ပါတယ်။

မစ္စတာအိုဇီရက်ရဲ့ သားဖြစ်သူက “ကျနော် သူ့ရဲ့ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ အဖေက အရမ်းသဘောကောင်းပြီး ဘယ်သူ့ကိုမှ မစော်ကားဖူးပါဘူး။ သူ့နှာခေါင်းနဲ့ ငြိမ်သက်နေရုံသာမက သူ့ဘဝလည်း အေးချမ်းပါတယ်” လို့ တူရကီမီဒီယာ my net ကို ပြောကြားခဲ့ပါတယ်။

မစ္စတာအိုဇီရက်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ကမ္ဘာ့နှာခေါင်းအရှည်ဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။

အိုဇီရက်ရဲ့နာရေးကို တူကီယဲ (တူရကီ) နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အပ်ဗင်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular