Saturday, June 10, 2023
HomeLead Storyအာဖရိကဦးချိုဒေသ၌ လူသားချင်းစာနာမှုအကူအညီ ၂ ဒသမ ၄ ဘီလီယံ ကူညီရန် ကုလစည်းဝေး

အာဖရိကဦးချိုဒေသ၌ လူသားချင်းစာနာမှုအကူအညီ ၂ ဒသမ ၄ ဘီလီယံ ကူညီရန် ကုလစည်းဝေး

အာဖရိကဦးချိုဒေသအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကို ကတိပြုဖို့ မေ ၂၄ ရက်မှာ ကမ္ဘာ့တဝန်းက နိုင်ငံတွေက ကုလသမဂ္ဂမှာ စုဝေးခဲ့ကြပါတယ်။ 

အီသီယိုးပီးယား၊ ကင်ညာနဲ့  ဆိုမာလီယာတို့မှာ လူပေါင်း ၄၃ သန်း ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက် မှုတွေကို ဖြေရှင်းဖို့ ဂျာမနီ၊ ဆွီဒင်နဲ့  ကနေဒါတို့လို နိုင်ငံတွေက ကိုယ်စားလှယ်တွေက သူတို့ရဲ့ မူလရည်မှန်းချက်တွေကနေ အလှူငွေတွေ ပိုလှူဖို့  ကမ်းလှမ်းခဲ့ကြပါတယ်။

မိုးခေါင်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့  စားနပ်ရိက္ခာမလုံလောက်မှုတို့ကြောင့် ဖြစ်လာတဲ့ အကျပ်အတည်း တွေကြောင့် အာဖရိကဦးချို ဒေသအတွက် အနည်းဆုံး ဒေါ်လာ ၇ ဘီလီယံ လိုအပ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အီတလီ၊ ကာတာ၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်တို့က မုန်တိုင်းဒဏ်ခံ သုံးနိုင်ငံနဲ့ ပူးပေါင်းရင်း ကတိကဝတ်ပြုပွဲအတွက် နိုင်ငံတကာကိုယ်စားလှယ်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular