Saturday, June 10, 2023
HomeLead Storyစွမ်းအင်ဆိုင်ရာပူးပေါင်းမှု တိုးချဲ့ရန် ရုရှားကို တရုတ်တိုက်တွန်း

စွမ်းအင်ဆိုင်ရာပူးပေါင်းမှု တိုးချဲ့ရန် ရုရှားကို တရုတ်တိုက်တွန်း

တရုတ်နဲ့ ရုရှားတို့ဟာ စီးပွားရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုအဆင့်မြှင့်တင်သင့်ပြီး စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုး ချဲ့ သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြောစကားကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV ကနေ မေ ၂၄ ရက်မှာ ဖော်ပြခဲ့ ပါတယ်။ 

တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ မျှဝေထားတဲ့ အဓိက အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ပံ့ပိုးကူညီဖို့ ဆန္ဒရှိတယ်လို့ ရှီက ဘေဂျင်းမှာ ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင်နဲ့  တွေ့ဆုံမှု အတွင်း ပြောခဲ့ပါတယ်။

မစ်ရှုစတင်ကလည်း ကုန်သွယ်မှု ဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင် ရွက်မှု နက်ရှိုင်းအောင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံ ဆီ လယ်ယာထွက်ကုန်တင်ပို့မှုဆိုင်ရာ သဘောတူ စာချုပ်နဲ့ တခြားအားကစားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အပါအဝင် တရုတ်နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ ပါတယ်။

မစ်ရှုစတင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းသို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ပြီးနောက်ပိုင်း ဘေဂျင်းမြို့တော်ဆီ လာရောက်လည်ပတ်တဲ့ ရုရှားအဆင့်အမြင့်ဆုံးအရာရှိ တစ်ဦးပါ။ 

ယူကရိန်းအပါအဝင် ပြဿနာတွေအတွက် ကမ္ဘာ့အင်အားအကြီးဆုံး ၇ နိုင်ငံအဖွဲ့ G7က ထုတ်ပြန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ကြေညာချက်တွေကို ရုရှားနဲ့ တရုတ်တို့ဟာ ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီးနောက် သူ့ခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။

ရှီဟာ မတ်လတုန်းက ရုရှားနိုင်ငံဆီ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံဆီ ရုရှားရဲ့ စွမ်းအင်တင်ပို့မှုဟာ အခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပြီး နှစ်နိုင်ငံဟာ ရုရှားနိုင်ငံဆီ နည်းပညာဆိုင်ရာ ကိရိယာတွေ ထောက်ပံ့ရေး ဆွေးနွေးနေတယ်လို့  Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular