Sunday, May 28, 2023
HomeLead Storyနောက်ခံလူမက်ဂွဲယားကို အမြဲတမ်းရွေးချယ်ရန်မဖြစ်နိုင်ဟု နည်းပြဆောက်ဂိတ် ဝန်ခံ

နောက်ခံလူမက်ဂွဲယားကို အမြဲတမ်းရွေးချယ်ရန်မဖြစ်နိုင်ဟု နည်းပြဆောက်ဂိတ် ဝန်ခံ

နောက်ခံလူမက်ဂွဲယားကို အင်္ဂလန်အသင်းမှာအမြဲတမ်းရွေးချယ်ဖို့မဖြစ်နိုင်ကြောင်း နည်းပြ ဆောက်ဂိတ်ကဝန်ခံပြောသွားပါတယ်။

မက်ဂွဲယားဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရခဲ့ပေမဲ့ အင်္ဂလန်အသင်း လူစာရင်းထုတ်ပြန်ချိန်တိုင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ကာလထက်ပိုပြီး ပုံမှန်ပွဲ ထွက်ခွင့်မရဖြစ်နေမယ်ဆိုရင်တော့ အင်္ဂလန်အသင်းမှာဆက်လက်ရွေးချယ်ခံရဖို့ မဖြစ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်ကပြောခဲ့တာပါ။

ဒါ့အပြင် မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖိလစ်ဟာလည်း မက်ဂွဲယားနဲ့ အတူတူဖြစ်ပြီး ပွဲထွက်ခွင့်မရတာ ဆက်ပြီးဖြစ်နေဦးမယ်ဆိုရင် ဆက်လက်ရွေးချယ်ဖို့ မဖြစ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်ကသတိပေးခဲ့တာပါ။

ကယ်ဗင်ဖိလစ်ကို ဆက်လက်ရွေးချယ်ခဲ့တာက  ကွင်းလယ်ခံစစ်တစ်ဦးတည်းကစားရမယ့် ကစားကွက်မှာ ရွေးချယ်စရာကစားသမား များများစားစားမရှိတာကြောင့်ဖြစ်ကြောင်းလည်း ဆောက်ဂိတ်က ရှင်းလင်းသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular