Sunday, May 28, 2023
HomeLead Storyမေဆန်မောင့်ကိုခေါ်ယူနိုင်ရန် ဟန်ဒါဆန်နှင့် တွန်မီနေးကိုရောင်းချပြီး မန်ယူအသင်း ငွေကြေးရှာမည်

မေဆန်မောင့်ကိုခေါ်ယူနိုင်ရန် ဟန်ဒါဆန်နှင့် တွန်မီနေးကိုရောင်းချပြီး မန်ယူအသင်း ငွေကြေးရှာမည်

မန်ယူအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကိုခေါ်ယူနိုင်ဖို့အတွက် ဂိုးသမားဒိန်း ဟန်ဒါ ဆန်နဲ့ ကွင်းလယ်လူ တွန်မီနေးတို့ကိုရောင်းချပြီး ငွေကြေရှာဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ မေဆန်မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် အသင်းကနေ ထွက်ခွါမဲ့သူဖြစ်ပြီး မန်ယူအသင်းဟာ အာဆင်နယ်နဲ့ လီဗာပူးတို့ထက် လက်ဦးမှု ရယူလိုနေတာပါ။

ချဲလ်ဆီးဘက်က ပေါင် ၈၅ သန်းသတ်မှတ်ထားပေမဲ့ မန်ယူအသင်းက ပေါင် ၅၅ သန်းသာ ပေးချေလိုတာကြောင့် လက်ကျန်ပြောင်းရွှေ့ကြေးအတွက် အသင်းရှိကစားသမားနှစ်ဦးကိုရောင်းချဖို့ စီစဉ်လာခဲ့ တာပါ။

ဂိုးသမားဒိန်းဟန်ဒါဆန်ဟာ နော်တမ်ဟမ်ဖောရက်စ်မှာ အငှားထွက်ကစားနေပြီး ယူနိုက်တက် ရောင်းချသွားမှာဖြစ်သလို နယူးကာဆယ်အသင်းကအလိုရှိနေတဲ့ တွန်မီနေးကိုလည်း ရောင်းချဖို့ စီစဉ် လာတာပါ။

မန်ယူအသင်းဟာ တိုက်စစ်မှူးတစ်ဦးလည်း မဖြစ်မနေခေါ်ယူဖို့ရှိတာကြောင့် တခြားနေရာ ကကစားသမားတွေ ခေါ်ယူမယ်ဆိုရင် အသင်းရှိကစားသမားတွေကို ဦးစွာရောင်းချရမှာဖြစ်ကြောင့် The Athletic သတင်းမှာဖော်ပြသွားပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular