Friday, June 9, 2023
HomeLead Storyစပိန်နည်းပြ လူးဝစ်အင်းနရီကေးကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း နီးစပ်လာ

စပိန်နည်းပြ လူးဝစ်အင်းနရီကေးကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း နီးစပ်လာ

ပြင်သစ်ထိပ်သီးကလပ်အသင်း ပီအက်စ်ဂျီအသင်းဟာ စပိန်နည်းပြလူးဝစ်အင်နရီကေးကို ခေါ်ယူဖို့ နီးစပ်လာပါတယ်။

လက်ရှိ အသင်းနည်းပြဖြစ်သူ ခရစ္စတိုဖာဂယ်တီယာကို  ရာသီအကုန်မှာ ထုတ်ပယ်မှာဖြစ်ပြီး နည်းပြသစ်အဖြစ် ဘာစီလိုနာ ၊ရိုးမားနဲ့ ဆယ်တာဗီဂိုနည်းပြဟောင်း အင်နရီကေးနဲ့ အစားထိုးဖို့ ကြိုးပမ်းနေတာပါ။

အသက် ၅၂ နှစ်ရှိ အင်နရီကေးဟာ ကမ္ဘာ့ဖလားမှာ စပိန်အသင်းကိုတာဝန်ယူခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာပါ။

အင်နရီကေးကို နာပိုလီနဲ့ စပါးအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီအသင်းအနေနဲ့ လက်ဦးမှုရယူနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြင်သစ် သတင်းစာ  Le Parisien ကဖော်ပြပါတယ်။

အင်နရီကေးဟာ ဘာစီလိုနာကို နည်းပြစဉ်က လာလီဂါ ချန်ပီယံနှစ်ကြိမ်ရယူနိုင်ခဲ့သလို ဥရောပချန်ပီယံလိဂ်ဆုဖလားလည်းရယူနိုင်ခဲ့ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular