Friday, June 9, 2023
HomeLead Storyပြင်သစ်နောက်ခံလူ ဘိုယေးအတွက် အာဆင်နယ်ကမ်းလှမ်းချက် ပယ်ချခံရ

ပြင်သစ်နောက်ခံလူ ဘိုယေးအတွက် အာဆင်နယ်ကမ်းလှမ်းချက် ပယ်ချခံရ

ပြင်သစ်နောက်ခံလူဆာချာဘိုယေးအတွက် အာဆင်နယ်အသင်းရဲ့ ပေါင် ၁၄ သန်းတန် ကမ်းလှမ်းချက်ဟာ ပယ်ချခံခဲ့ရတယ်လို့သိရပါတယ်။

အသက်၂၂နှစ်ရှိ ညာနောက်ခံလူ ဘိုယေးဟာ တူရကီလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတချို့ ပြသနေပြီး အာဆင်နယ်က ပေါင် ၁၄ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ ၁ ဂိုးသွင်း ၄ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့ ဘိုယေးကို ဂါလာတာစာရေးက ပေါင် ၂၁ သန်း သတ်မှတ်ထားတာကြောင့် အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းနွယ်ဖွား ဘိုယေးဘက်ကတော့ ခြေစွမ်းအနိမ့်အမြင့်တွေဖြစ်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း၊ ရာသီကုန်ဆုံးချိန်ရောက်မှ အပြောင်းအရွှေ့ကိစ္စစဉ်းစား မှာဖြစ်ကြောင်း ပြင်သစ်သတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာပြောထားပါတယ်။

သူဟာ ရန်းနက်စ် လူငယ်အသင်းကနေထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular