Friday, June 9, 2023
HomeLead Storyစပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အမြန်ခေါ်ယူနိုင်ရေး မန်ယူအသင်း ကြိုးပမ်းမည်

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အမြန်ခေါ်ယူနိုင်ရေး မန်ယူအသင်း ကြိုးပမ်းမည်

မန်ယူအသင်းဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို အလျင်အမြန်ခေါ်ယူနိုင်ရေး ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ ဟယ်ရီကိန်းကို နံပတ်တစ်ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ရာသီကြိုခြေစမ်းပွဲတွေ ကစားစဉ်ကတည်းက အပြီးသတ်ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတာပါ။

အသက် ၂၉ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ  စပါးအသင်းနဲ့ တစ်နှစ်စာချုပ်သာကျန်ရှိတော့ ပြီး တခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့ မန်ယူအသင်းက ဆုံးဖြတ်ထားတာပါ။

မန်ယူအသင်းအနေနဲ့ ဟယ်ရီကိန်းနဲ့ အဆင်မပြေဖြစ်ခဲ့ရင်တော့ နာပိုလီတိုက်စစ်မှူး အိုဆီဟမ်၊ အက်တလန်တာ တိုက်စစ်မှူး ရက်စ်မစ်ဟော့လန်း တို့ကိုခေါ်ယူဖို့ လျာထားပါတယ်။

ဒါ့အပြင်ချဲလ်ဆီး ကွင်းလယ်လူ မေဆန့်မောင့်နဲ့လည်း သတင်းထွက်ပေါ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular