
လီဗာပူးအသင်းအနေနဲ့ မေဆန်မောင့်နဲ့ အယ်လစ်စတာ တို့နှစ်ဦးစလုံးကို ခေါ်ယူသင့်ကြောင်း အသင်းဂန္ထဝင်နောက်ခံလူ ကာရေဂါက တိုက်တွန်းသွားပါတယ်။
မေဆန်မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ လုပ်ခလစာ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ပယ်ချထားသူပါ။
အာဂျင်တီးနား ကွင်းလယ်လူ အယ်လစ်စတာဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲက စားခွင့်ရမယ့် ထိပ်တန်းအသင်းကြီးတသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတာပါ။
မေဆန်မောင့်နဲ့ ပတ်သက်လို့ လူအများစုက သိပ်ပြီး ကြိုက်နှစ်သက်ခြင်းမရှိကြပေမဲ့ သူဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြသနိုင်သူဖြစ်ကြောင်း ကာရေဂါက ပြောပါတယ်။
အလားတူ ဘရိုက်တန်ကွင်းလယ်လူ အယ်လစ်စတာကိုလည်း ခေါ်ယူသင့်ပြီး နောက်ထပ် ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးလည်း ခေါ်ယူသင့်ကြောင်း ကာရေဂါက တိုက်တွန်းသွားခဲ့ပါတယ်။