Friday, June 9, 2023
HomeLead Storyဘိုင်ယန်မြူးနစ်အသင်းက နည်းပြ နာဂယ်စ်မန်းကို ထုတ်ပယ်

ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ နာဂယ်စ်မန်းကို ထုတ်ပယ်

ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိနည်းပြ ဂျူလီယန် နာဂယ်စ်မန်းကို ထုတ်ပယ်ပြီး ချဲယ်လ်ဆီးနည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ အစားထိုးမှာ ဖြစ်တယ်လို့ မတ်လ ၂၄ ရက်က ဂျာမန်မီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးတနေရာအတွက် ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် ရက်အနည်းငယ်အလိုမှာပဲ နာဂယ်စ်မန်းကို ရာထူးက ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဘက်က ဒီဆုံးဖြတ်ချက်အပေါ် တရားဝင်အတည်ပြုခြင်း မရှိသေးပေမဲ့ ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်အသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ သောမတ်စ် တူချယ်ကို ခေါ်ယူဖို့ လျာထားတယ်ဆိုပြီး ဂျာမနီနိုင်ငံမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အသက် ၃၅ နှစ်အရွယ်သာရှိနေတဲ့ နာဂယ်စ်မန်းဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး မနှစ်တုန်းကလည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို အရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒေါ့မွန်အသင်းနဲ့ တမှတ်အကွာက ဒုတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

လာမယ့် ဧပြီ ၁ ရက်နေ့မှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားပွဲစဉ်ကိုတော့ ဧပြီ ၁၂ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular