စစ်ကောင်စီရဲ့ အဓိက ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွေမှာ လျှပ်စစ်မီးအပြည့်ရတော့မှာမဟုတ်ဘဲ အချိန်အပိုင်းအခြားနဲ့ စတင်ပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးကို အချိန်အပိုင်းအခြားနဲ့ ပေးနေတာ ကြာပြီဖြစ်ပေမယ့် နေပြည်တော်မှာတော့ အခုမှသာ စတင်ပြုလုပ်တာပါ။ နေပြည်တော်ရှိ အများပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာ အခုလမတ်လ ၂၂ ရက်ကနေ စတင်ရာမှာ (A၊B၊C၊D) ဆိုပြီး အုပ်စု ၄ စုနဲ့ အလှည့်ကျပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်ဌာနက အသိပေးကြေညာထားပါတယ်။
ပျဉ်းမနားမြို့နေ ပြည်သူတစ်ဦးက “သေချာတော့မသိဘူး။ အရင်ကတော့ မီးက အမြဲပုံမှန်နီးပါးလာတာပေါ့။ ပြတ်လည်း သိပ်မကြာဘူး။ အခုကတော့ အချိန်နဲ့ပဲပေးတော့မယ်လို့ ကြားတယ်။ တခြားမြို့တွေလိုပေါ့” လို့ ပြောပါတယ်။
အုပ်စုတစ်စုကို တစ်ရက်ကျော် ၈ နာရီပုံမှန် မီးပျက်မှာဖြစ်ပြီး တစ်ရက်ကို အုပ်စု နှစ်စု အလှည့်ကျ မီးပြတ်မှာလည်း ဖြစ်ပါတယ်။
အခုလို အလှည့်ကျမီးပြတ်ရာမှာ လုံခြုံရေးအရ အရေးပါတဲ့ နေရာတွေတော့ ပါဝင်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။