သြစတြေးလျတွင် ငါးအသေ ထောင်ချီတွေ့

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်က မယ်နင်ဒီမြို့အနီးရှိ ဒါလင်မြစ်ထဲမှာ မတ် ၁၇ ရက်က ငါးအသေတွေ ရာထောင်ချီပြီး ပေါလောမျော ပေါ်နေပါတယ်။ 

အဲဒီဒေသမှာ "ပျော်ဝင်နေတဲ့ အောက်ဆီဂျင်ပမာဏဟာ ငါးကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း” နယူးဆောက်သ်ဝေးလ်စ် NSW စီမံကိန်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ရေဌာနခွဲက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။ 

ဝသ်သယ်ရဲလ် ရေကန်နဲ့ မယ်နင်ဒီ မြို့အကြားရှိ ဒါလင်မြစ်မှာ ငါးသေဆုံးမှု အများအပြားရှိပြီး အဓိကအားဖြင့် ဘုံနီဟဲရင်း ငါးအမျိုးအစားတွေ ဖြစ်ကြောင်း အေဂျင်စီက မတ် ၁၇ ရက်မှာ ပြောပါတယ်။ 

ရာနဲ့ချီတဲ့ ငါးအသေတွေကို မြစ်အတွင်း တွေ့ရှိခဲ့ပြီး အဲဒီပြဿနာကို အကဲဖြတ်ဖို့ ပြည်နယ် ငါးဖမ်းအရာရှိတွေကို အဲဒီဒေသကို စေလွှတ်ခဲ့ကြောင်း သြစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်း က မတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။  

၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် တွေတုန်းကလည်း မြို့တော်ဆစ်ဒနီရဲ့ အနောက်ဘက် ကီလိုမီတာ ၁ ထောင် အကွာလောက်က အလားတူဧရိယာမှာပဲ ရေစီးဆင်းမှု ညံ့ဖျင်းခြင်း၊ ရေအရည်အသွေး ညံ့ဖျင်းခြင်းနဲ့ အပူချိန် ရုတ်တရတ် အပြောင်းအလဲတွေကြောင့် ငါးပေါင်း ၁ သန်းလောက်ထိ သေဆုံးခဲ့ဖူးပါတယ်။ 

More News
Up