ထိုင်းရဲအရာရှိများ စိတ်ကျန်းမာရေးစစ်ဆေးခံရမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဆိုင်မိုင်နယ်မြေထဲမှာ မတ် ၁၅ ရက်က စိတ်ကစဉ့်က လျားဖြစ်နေတဲ့ ရဲအရာရှိတဦးက သေနတ်နဲ့ ရမ်းသန်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံတဝန်းက ရဲအရာရှိတွေကို စိတ်ကျန်းမာရေးစစ်ဆေးတော့မယ်လို့ မတ် ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ရဲအရာရှိတွေက တာဝန်ချိန်မှာ လူထုလုံခြုံရေးကို သေချာဂရုစိုက်နိုင်စေဖို့နဲ့ လုပ်ငန်းတာဝန်တွေကို စနစ်တကျဆောင်ရွက်နိုင်စေဖို့အတွက် စိတ်ကျန်းမာရေးစစ်ဆေးမှုတွေကို ကျပန်းစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ရဲအရာရှိတွေ စိတ်ပိုင်းဆိုင်ရာ မူမမှန်ဘူး ယူဆပါက အကြံပြုချက်တွေ ပေးပို့နိုင်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၅၁ နှစ်အရွယ် ရဲအရာရှိ အမျိုးသားကို ၂၇ နာရီကြာ ပိတ်ဆို့တားဆီးခဲ့ရပြီး အဆိုပါပစ်ခတ်မှုကြောင့် နေအိမ် ၂၀ ကျော် ပျက်စီးသွားခဲ့ရကာ ကွန်မန်ဒိုရဲတပ်ဖွဲ့တွေနဲ့ ပစ်ခတ်ဖမ်းဆီးမှုမှာ အဆိုပါ ရဲအရာရှိ ဒဏ်ရာရပြီးနောက် သေဆုံးသွားခဲ့ပါတယ်။
အဲ့ဒီဖြစ်စဥ်အပြီးမှာ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ရဲအရာရှိတွေအားလုံး စိတ်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-Bangkokpost