Live
Home
မြန်မာသတင်း
ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် အဖမ်းအဆီးများကြား ကျောင်းသားများ ဆန္ဒပြ
DVB
·
March 18, 2023

ရန်ကုန်မြို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး အဖမ်းဆီးတွေ၊ သတင်းပေး ဒလန်တွေရှိနေတဲ့ကြားက မတ်လ ၁၈ ရက် ဒီနေ့မနက်  ဈေးတခုမှာ ကျောင်းသားတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်သွားပါတယ်။

ဒီဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်)နဲ့ Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်းပြီး ရန်ကုန်မြို့ လူစည်ကားရာ စျေးတစ်နေရာမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

"ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ပြည့်လျှံနေပါစေ"ဆိုတဲ့ စာသားပါ ပိုစတာကို ကိုင်ဆောင်ချီတက်သပိတ်မှောက်ဆန္ဒပြခဲ့တာဖြစ်ပြီး ပြည်သူတွေဒီတော်လှန်ရေးမှာ ဆက်လက်ပါနေစေဖို့ကို သတိပေးမေတ္တာရပ်ခံတဲ့သဘောအနေနဲ့ ပြုလုပ်ခဲ့တာလို့  (အကသ)အဖွဲ့ချုပ်က တာဝန်ရှိ ကျောင်းသား တယောက်က ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို အသက် ၁၄-၁၅ အရွယ် ကျောင်းသား လူငယ်လေးတွေက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး၊ လူထုကိုဟောပြောတာနဲ့ ကြွေးကြော်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024