Home
အနုပညာ
သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်
DVB
·
February 21, 2023

တော်လှန်ရေးဇာတ်ကားအများအပြားရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ နှလုံးရောဂါနဲ့ ဒီကနေ့ ဖေ‌ဖော်ဝါရီ ၂၁ ရက် နေ့လည်ပိုင်းမှာ ကွယ်လွန်သွားကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့  လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။

သီဟတင်စိုးဟာ ဒီကနေ့ မနက်က နှလုံးရောဂါဖောက်လာလို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်စဥ် လမ်းမှာသေဆုံးသွားတာလို့ မိသားစုတွေဆီက သိရတဲ့အကြောင်း ရုပ်ရှင်လောကသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူ့မိသားစုဆီက ကြားရတာ နှလုံးဖောက်လာလို့ ဆေးရုံပို့ရင်း လမ်းမှာဆုံးတာတဲ့ စိတ်ထဲတော့မကောင်းဘူး သတင်းကြားစဆို ယုံတောင်မယုံဘူး။"
သရုပ်ဆောင်ဝေဠုကျော်ကလည်း "သွားနှင့်တော့ ကိုသီဟရေ အစ်ကိုနဲ့ ချိန်းထားတာတောင် မဆုံတွေ့ရဘူးပေါ့ ကောင်းရာသုဂတိလားပါစေ၊ ပြုမိသမျှ ကုသိုလ်အမျှဝေလိုက်ပါတယ် သာဓုခေါ်ပါအစ်ကို"လို့ ဝမ်းနည်းစွာ ရေးသားထားပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီသီဟတင်စိုး ကွယ်လွန်ချိန်
မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။

သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် အကယ်ဒမီဇင်မာဦး ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင် သီဟတင်စိုးဟာ ၂၀၀၀ ပြည့်နှစ်က ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲမှာ ငရဲသားဇာတ်ကားနဲ့  ဒါရိုက်တာဆုရော ၊ အမျိုးသားသရုပ်ဆောင်ထူးချွန်ဆုပါ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024