Home
မြန်မာသတင်း
စစ်တွေ၌ လူသတ်မှုကျူးလွန်သူအား ULA/AA တရားရုံးက သေဒဏ်ချမှတ်
DVB
·
February 3, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းအမှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ Luminous ဆိုင်မန်နေဂျာ မျိုးမြင့်ဇော်ကို ULA/AA ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“ဟုတ်ပါတယ်၊ စစ်တွေမြို့ Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်က အရောင်းစာရေးမ ဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း သေဆုံးမှုနဲ့ပတ်သက်တဲ့ အမှုကို ဒီနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်တာ ဖြစ်တယ်။”

ကျူးလွန်သူ တရားခံ မျိုးမြင့်ဇော် အသက် ၃၄ နှစ် (ဘ) ဦးထွန်းကျော် အနေနဲ့ ဥပဒေနဲ့အညီ တရားရုံးချုပ်ကို အယူခံဆက်လက်တင်နိုင်ဖို့ အခွင့်အရေးပေးထားကြောင်း ခိုင်သုခက ဆိုပါတယ်။

“ဒါပေမဲ့ တရားခံကို တရားရုံးချုပ်သို့ ဥပဒေနှင့်အညီ အယူခံဆက်တက်နိုင်ဖို့အတွက် အခွင့်အရေး ပေးထားပါတယ်။”

မနွယ်သန္တာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်က Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှာ တာဝန်ထမ်းဆောင်နေစဥ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး တရားခံ မျိုးမြင့်ဇော်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် တရားရုံးမှာ စတင်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024