Home
မြန်မာသတင်း
ဖျာပုံ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ဖျက်ဆီးခံရ
DVB
·
January 29, 2023

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဇန်နဝါရီ ၂၈ ရက် မနေ့ ညနေ ၆ နာရီ ၁၅ မိနစ်လောက်က  အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို PDF တပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Black joker အဖွဲ့နဲ့ ဖျာပုံPDF (PDFP) တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း ဖျာပုံ PDF အဖွဲ့ဝင်က ပြောသည်။ 

"ဖျာပုံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒလန်ဆက်လုပ်နေပြီး ညအချိန်မတော် ဧည့်စာရင်းစစ်တာတွေ၊ ပြည်သူတွေဆီက ငွေညှစ်တာတွေ ဆက်လုပ် နေမယ်ဆိုရင် လူကြီးမင်းတို့ရဲ့ အသက်အန္တရာယ်ကို အာမခံမှာမဟုတ်ကြောင်း ရပ်ကွက်ရုံးနား နီးကပ်စွာမသွားလာသင့်ကြောင်း ထပ်ပြီးသတိပေးလိုက်ပါတယ်။”

မီးရှို့တိုက်ခိုက်မှုအဖြစ် မိနစ်အနည်းငယ်မှာပဲ စစ်ကောင်စီတပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရဲတွေရောက်ရှိလာပြီး ရပ်ကွက်ရုံးနား လုံခြုံရေးချထားပါတယ်။ 

ဖျာပုံမြို့ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းကလည်း ပထမအကြိမ် ဗုံးခွဲခံခဲ့ရဖူးပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024