ပါကစ္စတန်တွင် ဓာတ်အားလိုင်း ချို့ယွင်းပြီး လျှပ်စစ်မီးပြတ်တောက်

ပါကစ္စတန်နိုင်ငံရဲ့ အမျိုးသားဓာတ်အားလိုင်းဟာ ဇန်နဝါရီ ၂၃ ရက်က အကြီးစားချို့ယွင်းခဲ့ပြီး သုံးလအတွင်း လူသန်းပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်ရတာဟာ နိုင်ငံတောင်ပိုင်းက မဟာဓာတ်အားလိုင်းမှာ ဗို့အားအကြီးအကျယ် မြင့်တက်ခဲ့လို့ ကွန်ရက်တခုလုံးအပေါ် သက်ရောက်ခဲ့တာလို့ စွမ်းအင်ဝန်ကြီး ခါရမ်ဓတ်စ်တေဂယ်က ပါကစ္စတန် ရုပ်မြင်သံကြားကနေ ပြောပါတယ်။

စက်ရုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေမှာ လျှပ်စစ်မီး ပြတ်တောက်ပြီးတဲ့နောက် ခြောက်နာရီနီးပါးအကြာမှာ နိုင်ငံမြောက်ပိုင်းကနေ တောင်ဘက်ဆီ ထောက်ပံ့ရေးပစ္စည်းတွေ တစိတ်တပိုင်း ပြန်ရထားတယ်လို့ ဝန်ကြီးကပြောပါတယ်။

အောက်တိုဘာလမှာ စဖြစ်ခဲ့တဲ့ လျှပ်စစ်မီး အကြီးအကျယ်ပြတ်တောက်မှု နောက်ပိုင်းမှာ ဓာတ်အားပြန်ရဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရတာဖြစ်ပြီး ဇယားကွက်အတိုင်း ည ၁၀ နာရီမှာ လျှပ်စစ်မီး အပြည့်အဝ ပြန်ရသင့်တယ်လို့လည်း ဝန်ကြီးက ထပ်ပြောပါတယ်။

လက်ရှိ မီးပျက်တာနဲ့ ပါကစ္စတန်လူဦးရေ သန်း ၂၂၀ ခံစားနေရတဲ့ ခဏခဏ မီးပျက်တာတွေဟာ လျှပ်စစ်ဖြန့်ဖြူးတဲ့ ဓာတ်အားပေးလိုင်း ကွန်ရက်စနစ် အိုမင်းနေလို့ ဖြစ်တာလို့ ဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

More News
Up