Home
မြန်မာသတင်း
ဘိုကလေးမြို့၌ လျှပ်စစ်မီးကြိုးများ ခိုးယူခံရမှု အဖြစ်များနေ
DVB
·
December 11, 2022

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ များနေပြီး နေအိမ်တွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ အခိုးခံရမှုမကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မီးကြိုးဖြုတ်ခိုးခံခဲ့ရတဲ့ အမှတ် ၃ ရပ်ကွက်က နေအိမ်ပိုင်ရှင်တစ်ဦးက "လျှပ်စစ်မီးက ပြီးခဲ့တဲ့ အစိုးရလက်ထက်က ပျက်မယ့်အချိန်ဆို ဘိုကလေး လျှပ်စစ်အင်ဂျင်နီယာရုံးက လူမှုကွန်ယက် စာမျက်နှာမှာ ယဉ်ယဉ်ကျေးကျေး စကားလုံးတွေနဲ့ကြိုတင် အသိပေးကြေညာတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ဘာမှလည်းမကြေညာတော့ဘူး။ မီတာခ ကတော့ လစဉ်လာတယ်။ မီးမလာတာတွေများတော့ သူခိုးကလည်း အတင့်အတော်ရဲပြီး မီးကြိုးဖြုတ်ခိုးတယ်။ အသက် ၅၀ ကျော်ပြီ ဘိုကလေးမှာ မီးကြိုးဖြုတ်ခိုးခံရတာ စစ်ကောင်စီလက်ထက်မှကြားရတာ"လို့ ပြောပါတယ်။

ဘိုကလေးမြို့မှာ လျှပ်စစ်မီး  ပြတ်တောက်မှုများနေတဲ့အတွက်  အမှတ် ၃ ရပ်ကွက် အမှတ် ၁၀ ရပ်ကွက်က နေအိမ်တွေမှာ လျှပ်စစ်မီးကြိုး ဖြုတ်ခိုးခံရတာ နေအိမ် ၁၅ အိမ်ထက်မနည်းရှိနေပါပြီ။

အမှတ် ၁၀ ရပ်ကွက်မှာ နေထိုင်တဲ့ မီးကြိုးဖြုတ်ခိုးခံခဲ့ရသူ နေအိမ်ပိုင်ရှင်တစ်ဦးက "ပြီးခဲ့တဲ့ အပတ်က မီးကြိုးဖြုတ်ခိုးခံရတာ။ ဘယ်အချိန် ဖြုတ်ခိုးသွားမှန်းမသိဘူး။ မီးပျက်တဲ့ အချိန်ကများနေတော့ သူခိုးတွေ အကြိုက်ခိုးနေတာ။ ရဲစခန်း မတိုင်ဘူးလေ။ တိုင်လည်းဖမ်းပေးမယ့်သူတွေမှမဟုတ်တာ"လို့ ပြောပါတယ်။

ဘိုကလေးမြို့မှာ လျှပ်စစ်မီး ပုံမှန်လာပေမဲ့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံး Non CDMဝန်ထမ်းတွေက လစဉ် မီတာခ လိုက်လံကောက်ခံနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024