မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ၇၁ ဘီလမ်း၊ ၁၁၈ လမ်းနဲ့ ၁၁၉ လမ်းကြားရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီက မီးလောင်ပြီး ကျောင်းထိုင်ဆရာတော်ရဲ့ ကျော၊ မျက်နှာနဲ့ လက်တို့မှာ မီးဟပ်ဒဏ်ရာတွေ (မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။
နှစ်ထပ် ဆွမ်းဆောင်စားကျောင်းပေါ်ရှိ ဘုရားစင်ပေါ်မှာ ဖယောင်းတိုင်မီးပူဇော်ရာကနေ စာအုပ်တွေပေါ် ဖယောင်းတိုင်လဲကျရာကနေ စတင်လောင်လောင်ကျွမ်းတာလို့ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မီးလောင်မှုကြောင့် နှစ်ထပ် ဆွမ်းဆောင်စားကျောင်းဆောင် မျက်နှာကြက်တွေ မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ် သိန်း ၂၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။