Home
မြန်မာသတင်း
စစ်တွေတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ဓားထိုးခံရ
DVB
·
October 29, 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အောက်တိုဘာ ၂၈ ရက်က အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက် ဓားထိုးခံရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်၊

မနေ့ နေ့လယ် ၂ နာရီလောက်မှာ အဲဒီရပ်ကွက်နေ ကိုယ်ဝန် ၄ လရှိ ဒေါ်စောသန္တာမှာ ဓားထိုးခံရပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ် ကိုယ်ဝန်ပျက်ကျပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

"ကိုယ်ဝန်က ပျက်ကျသွားတယ်။ ဒဏ်ရာက ပြင်းတယ်။အသက်အန္တရာယ်လဲ့ စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်။ ပိုက်ဆံချေးထားတာလည်းပြန် မဆပ်နိုင်သေးလို့​ ဟိုက အရက်မူးမူးနဲ့ ဓားနဲ့ ထိုးသွားတာ"လို့ ပြောပါတယ်။

ဓားထိုးခံရသူ ဒေါ်စောသန္တာမှ နောက်ကျော ဓားဒဏ်ရာ ၄ ချက်၊ ပေါင်တွင် ၁ ချက်နဲ့ ဘယ်လက် တွင် ၁ ချက် ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

မျက်မြင်ဒေသခံ တဦးက "ကိုယ်ဝန်ဆောင်ကို ဓားနဲ့ထိုးတဲ့သူက သူတို့နဲ့ အိမ်နီးချင်း ကိုကျားခို။ ကိုယ်ဝန်ဆောင် အမျိုးသမီးက ကိုကျားခို အမျိုးသမီးဆီက ငွေချေးထားတယ်လို့ သိရတယ်။ အကြွေးတောင်းတာ မရတော့ လင်ဖြစ်သူ အရက်မူးလာတဲ့အချိန်မှာ အကြွေးသွားတောင်းတော့ ဟိုက မဆပ်နိုင်လို့ ဓားထိုး ခံလိုက်ရတာ"

ဓားထိုး တရားခံဖြစ်တဲ့ ကိုကျားခို လင်မယားဟာ ထွက်ပြေးနေပြီး ဖမ်းဆီး ရရှိဖို့ ကြိုးစားနေတယ်လို့ စစ်တွေအမှတ်(၁)ရဲစခန်းက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်ကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အမျိုးသား တယောက် ဓားထိုး  ခံခဲ့ရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024