ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဖုန်းဆိုင် မတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေစေတီလမ်းမှာရှိတဲ့ Sun Mobile ဖုန်းဆိုင်ထဲကနေ မနက် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နာရီဝက်လောက်ကြာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးလောင်တာ လူချိန်တိတ်ချိန်ဖြစ်နေပြီး ဒါပေမယ့် မီးသတ်စခန်းမျက်စောင်းထိုးဆိုတော့ နည်းနည်း သက်သာသွားတာ၊ နောက်ဆို အဲ့အတန်းက ဆိုင်ခန်းတွေ ကြပ်နေတော့ အတန်းလိုက်ကုန်မှာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖုန်းဆိုင်ကို ပိတ်ထားခဲ့ပေမယ့် စီစီတီဗွီအသုံးပြုဖို့အတွက် တပ်ဆင်ထားတဲ့ အင်ဗာတာကနေစတင် မီးလောင်ကျွမ်းတာဖြစ်ပြီး စုစုပေါင်း ၃၈ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် မီးငြိမ်းသတ်နေစဉ်မှာ မီးသတ်တပ်ဖွဲ့ဝင်တဦး အသက်ရှုကြပ်ကာ သတိလစ်သွားတာကြောင့် လူနာတင်ကားနဲ့ ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။