Home
သတင်းတို
မြေဧက ၅ သိန်းကျော်မှာ ၃ သိန်း ၃ သောင်းကျော်ကို လုံးဝ မစွန့်လွှတ်နိုင်
DVB
·
February 21, 2014
လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်သိမ်းယာသိမ်းပြဿနာ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အပိုင်း ၃ ပိုင်းမှာ ထည့်သွင်းထားတဲ့ အမှု ၇၄၅ မှု၊ သိမ်းဆည်းခံလယ်မြေနဲ့ အခြားမြေဧကပေါင်း ၅ သိန်းကျော်ထဲက အမှု ၃၆၀ ကျော် မြေဧကပေါင်း ၃ သိန်း ၃ သောင်းကျော်ကိုတော့ လုံးဝ စွန့်လွှတ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောပါတယ်။ Military Land4ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အဲဒီ မြေတွေအနက် တကယ်စွန့်လွှတ်မှာက အမှု ၁၀၀ ကျော်အတွက် လယ်မြေ ဧက ၂ သောင်းခွဲကျော်ပဲရှိတယ်လို့ သူက ဆိုပါတယ်။ ကျန် အမှုနဲ့ မြေဧကတွေကတော့ တစိတ်တပိုင်း စွန့်လွှတ်မှာ၊ ဖြေရှင်းလို့ မပြီးပြတ်သေး တာတွေ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ လွှတ်တော်ဘက်ကတော့ အစိုးရအဖွဲ့အနေနဲ့ မိုးသီးနှံစိုက်မယ့် လယ်နဲ့ မြေတွေကို လာမယ့် ဇွန်လမတိုင်မီ ဆောင်းသီးနှံစိုက်မယ့် လယ်နဲ့ ယာတွေကို လာမယ့် စက်တင်ဘာ မတိုင်မီ လယ်သမားတွေကို ပြန်ပေးနိုင်ရေး ဆောင်ရွက်ပေးဖို့ အဆိုတခု ဆုံးဖြတ်ပြီး အစိုးရအဖွဲ့ဘက်ကို ဖိအားပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024