ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ မတ်လ ၃ ရက်အထိ ကိုဗစ်-၁၉ အတည်ပြု လူနာသေဆုံးသူ ၁၄ ယောက် ထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလထဲမှာတင် ကိုဗစ်အတည်ပြုလူနာ ၈ ဦးသေဆုံးခဲ့ပြီး မတ်လ လဆန်းပိုင်းမှာ ၆ ဦး သေဆုံးခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
“ပြီးခဲ့တဲ့လက သေဆုံးတာနည်းတယ် ဒါပေမဲ့ အခုမတ်လမှာ သေတာ ၆ ယောက်ရှိသွားပြီး ၃ ရက်ကို ၆ ယောက်ဆိုတော့ တော်တော်များတယ်ပြောရမယ်။ အများစုကတော့ ရောဂါအခံကြောင့်သေရတာများပါတယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေ အားနည်းလာမှုနဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု ညံ့ဖျင်းတာတွေကြောင့် ရောဂါကူးစက်မှုထိန်းချုပ်မရဘဲ ရောဂါအခံရှိသူတွေ သေဆုံးနှုန်းများလာတာလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ တကျော့ပြန်ကိုဗစ်လှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ၆၃၀ ကျော်ရှိနေပြီး အဲ့အထဲက ၁၄ ဦး သေဆုံးခဲ့တာလို့ ကျန်းမာရေးဌာနရဲ့မှတ်တမ်းတွေအရ သိရပါတယ်။