Home
မြန်မာသတင်း
သွင်းကုန်လိုင်စင်လျှောက်ရန်လိုသည့် ကုန်စည်အမျိုးအစား စစ်ကောင်စီက ထပ်တိုးထုတ်ပြန်
DVB
·
January 29, 2022

ပြည်ပက တင်သွင်းတဲ့ကုန်စည်တွေနဲ့ ပတ်သက်ပြီး  သွင်းကုန်လိုင်စင်လျှောက်ထားဖို့  လိုအပ်တဲ့ ကုန်စည်အမျိုးအစားတွေကို စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက  ထပ်တိုးသတ်မှတ်လိုက် ပါတယ်။ 

စားသောက်ကုန်တချို့၊ ပလတ်စတစ်အခြေခံ တဝက်တပျက် ကုန်ချောပစ္စည်း၊ အိမ်သုံးပစ္စည်း တချို့၊ သစ်သားပျော့ဖပ်၊ ပိုးချည်၊ ဝါချည်နဲ့ ကော်ဇောကဲ့သို့သော ကြမ်းခင်းပစ္စည်း၊ ချည်ထည်ပစ္စည်း၊ ဖန်ထည်ပစ္စည်းအမျိုးမျိုး၊ စက်ဘီးနဲ့ မော်တော်ယာဥ်အပိုပစ္စည်း စသဖြင့် ပါ၀င်တဲ့ HS. Code 6 digit နဲ့ ကုန်စည်(၄၅၁)လိုင်း (သို့မဟုတ်) HS.Code 10 digit ဖြင့် ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းတွေအဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်က စတင်ပြီး သတ်မှတ်ထားကြောင်း  အဆိုပါဌာနက ထုတ်ပြန်ထားပါတယ်။ 

ပထမအကြိမ်အဖြစ် အီလက်ထရောနစ်ပစ္စည်း၊ စားသောက်ကုန်အချို့၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်း၊ စက်ကူပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ HS.Code 6 digit ဖွင့်ကုန်စည် ၁၄၂၈ လိုင်း (သို့မဟုတ်) HS.Code 10 digit ဖြင့် ကုန်စည် ၃၀၇၀ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းတွေအဖြစ် ၂၀၀၂ ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး သတ်မှတ်ခဲ့ပါတယ်။

အရင် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကုန်သွယ်မှု လွယ်ကူ ချော့မွေ့စေဖို့အတွက် တချို့သော ကုန်စည်လိုင်းတွေကို လိုင်စင်လျှောက်ထားဖို့မလိုတဲ့ ကုန်စည်လိုင်းတွေအဖြစ် နှစ်စဥ်သုံးသပ်ကာ ဖြေလျှော့ပေးခဲ့ပါတယ်။

အခုစစ်ကောင်စီလက်ထက်မှာတော့  နိုင်ငံခြားငွေအသုံးပြုမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထ ပြည်ပက တင်သွင်းတဲ့ ကုန်စည်တွေကို သွင်းကုန်လိုင်စင်စနစ်နဲ့ သာတင်သွင်းခွင့်ပြုဖို့ စစ်ကောင်စီက ကန့်သတ်မှုတွေ လုပ်ဆောင်လာတာပါ။

အရင်အရပ်သားအစိုးရလက်ထက်မှာ လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်တွေအဖြစ် ကုန်စည်လိုင်း  ၃၉၃၁ လိုင်းသာ သတ်မှတ်ထားခဲ့ပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီက လိုင်စင်လျှောက်ဖို့လိုတဲ့ ကုန်စည်လိုင်းတွေ ထပ်တိုးသတ်မှတ်လိုက်တာကြောင့် သတ်မှတ်ထားတဲ့ ကုန်စည်လိုင်းတွေအနက် ဘယ်ကုန်စည်ကိုမဆို ပြည်ပကနေ  ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေက တင်သွင်းရာမှာ ၂၀၂၂ ခုနှစ် မတ်လ  ၁ ရက်နေ့ကစတင်ပြီး သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024