ရေးနော့လ်နှင့်နီးဆန်း လျှပ်စစ်ကား ပူးပေါင်းထုတ်မည်

ပြင်သစ်ကားကုမ္ပဏီ ရေးနော့လ်နဲ့ ဂျပန်ကားကုမ္ပဏီ နီဆန်းတို့ဟာ လာမယ့် ၅ နှစ်အတွင်း လျှပ်စစ်ကားတွေ အတူပူးပေါင်းထုတ်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ 

အဆိုပါ ကုမ္ပဏီနှစ်ခုက မစ်ဆူဘီရှီကုမ္ပဏီနဲ့လည်း ဖက်စပ်လုပ်ကိုင်နေပြီး ရေရှည်မှာ ကာဗွန်မထွက်တဲ့ သန့်ရှင်းတဲ့ကားတွေ အရေအတွက်အများအပြား ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ 

ရေးနော့လ်ကုမ္ပဏီ (Renault Group) ရဲ့ စီအီးအို လူကာ ဒီမီယို က “နောက်ထုတ်တဲ့ ကားအားလုံး လျှပ်စစ်နဲ့ မောင်းနိုင်ဖို့အတွက် ကုမ္ပဏီကြီးတွေပူးပေါင်းမှု ပလက်ဖောင်းလေးခုနဲ့ လုပ်နေတာပါ။ အခု ရေးနော့လ်နဲ့ နီဆန်း ပလက်ဖောင်းပါ ထပ်တိုးပြီး ၂၀၂၄ မှာ လျှပ်စစ်ကားတွေ ပုံအောထုတ်လုပ်နိုင်ဖို့ပါ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ တိုယိုတာကုမ္ပဏီက လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် ဒေါ်လာ ၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အခုအပတ်ထဲမှာပဲ Tesla လျှပ်စစ်ကားထုတ်လုပ်သူ အီလွန် မက်စ် ကလည်း ဒီနှစ်ထဲမှာ သူ့ရဲ့ Tesla ကား အစီးရေ ၅၀ ရာခိုင်နှုန်း တိုးထုတ်မယ်လို့ ပြောခဲ့ပါတယ်။

//
More News
Up