ပင်းတယမြို့နယ်၌ စစ်ကောင်စီခန့် ရပ်ကျေးစာရေး ၁ ဦး သေနတ် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာမှာ ဇန်နဝါရီလ ၂၅ ရက် ညပိုင်းက စစ်ကောင်စီခန့် ရပ်ကျေးစာရေး  ဦးကျော်ဝင်းကို အမည်မသိ  သေနတ်သမား ၃ ယောက်က လာရောက် သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဆိုင်ကယ် ၂ စီးနဲ့ လူ ၃ ယောက်က လာပစ်သွားတာဖြစ်ပြီး ပစ်ခံလိုက်ရတဲ့  ဦးကျော်ဝင်းကိုတော့ မိသားစုက အောင်ပန်းဆေးရုံကို ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူ့ရဲ့ ဒဏ်ရာအခြေအနေကိုတော့ မသိရသေးပါဘူး။

စာရေးဦးကျော်ဝင်းဟာ ပင်းတယမြို့ကို တာဝန်နဲ့ ပြောင်းလာတာ ၁၀ နှစ်လောက်ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်နေ့တုန်းကလည်း  CDM ရဲနှစ်ဦး အပါဝင် ပြည်သူ ၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

//
More News
Up