လုံခြုံရေး ပူးပေါင်းတိုးမြှင့်ဆောင်ရွက်ရန် သမ္မတဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ဆွေးနွေး

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အွန်လိုင်းအစည်းအဝေးလုပ်ခဲ့ပြီး တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားပြဿနာတွေအပါအဝင် နှစ်နိုင်ငံ စီးပွားရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ၁ နာရီခွဲကြာ ဆွေးနွေးခဲ့ပါတယ်။

ကီရှီဒါဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် အမေရိကန်သမ္မတနဲ့ ကဏ္ဍစုံအတွက် ပထမဆုံးအကြိမ် အစည်းအဝေးလုပ်ခဲ့တာပါ။

ဒီလထဲမှာပဲ ဂျပန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေက တရုတ် အန္တရာယ်ကြီးထွားလာမှုနဲ့ အင်ဒို-ပိစိဖိတ်ဒေသ မတည်ငြိမ်မှုတွေကို ပူးပေါင်း တုံ့ပြန်ဆောင်ရွက်ဖို့ "two-plus-two" အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

ကီရှီဒါက ဒီနှစ်လယ်မှာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယတို့ ပါဝင်တဲ့ Quad အုပ်စု အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

//
More News
Up