ဂျူဗင်တပ်စ်အသင်းမှ ရမ်ဆေး ထွက်ခွာမည်ဟု နည်းပြအယ်လီဂရီ အတည်ပြု

ကွင်းလယ်ကစားသမား  အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ နည်းပြ အယ်လီဂရီကအတည်ပြု ပြောကြားလိုက်ပါတယ်။

အေစီမီလန်နဲ့ ကစားမယ့်ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ရမ်းဆေးဟာ အသင်းနဲ့ မပူးပေါင်းတော့ဘဲ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အယ်လီဂရီက သတင်းထောက်တွေကို အတည်ပြုခဲ့တာပါ။

အသက် ၃၁ နှစ်ရှိ ဝေးလ်လက်ရွေးစင် ရမ်ဆေးဟာ အီတလီမှာ ၂ နှစ်ခွဲကျော် ကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် နည်းပါးခဲ့ပါတယ်။ နည်းပြအယ်လီဂရီ လက်အောက်မှာ စီးရီးအေအဖွင့်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက်ပိုင်းမှာ ၂ ပွဲသာ လူစားဝင်ကစားခဲ့ရပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ အီတလီလက်ရွေးစင် လိုကာတယ်လီကို ဆက်ဆူအိုလိုကနေ ခေါ် ယူခဲ့ပြီး နောက် ရမ်ဆေးကို အသုံးမပြုတော့တာပါ။ 

၂၀၁၉ ခုနှစ်က အာဆင်နယ်ကနေ ပြောင်းရွှေ့လာတဲ့ ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေပွဲ ၇၀ ကစားခဲ့ပြီး ၆ ဂိုး သွင်းယူခဲ့ပါတယ်။

ရမ်ဆေးဟာ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ရှိနေပြီး နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

//
More News
Up