Home
မြန်မာသတင်း
ဗမာ့လူငယ်ကွန်ရက်တပ်တော် ဖွဲ့စည်း
DVB
·
January 22, 2022

သပိတ်နဲ့ မြေအောက်လှုပ်ရှားမှုတွေ လုပ်နေရာကနေ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို အရှိန်တိုးမြှင့်လုပ်နိုင်ဖို့ အတွက် ဗမာ့လူငယ်ကွန်ရက်တပ်တော်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

ဗမာ့လူငယ်ကွန်ရက်ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်  ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပုံစံမျိုးစုံနဲ့ လှုပ်ရှားခဲ့ပြီး အခု‌တော့ မြို့ပြပြောက်ကျားတပ်ဖွဲ့ကိုပါ တိုးချဲ့ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။

ကွန်ရက်ဥက္ကဋ္ဌ ကိုအောင်ဟိန်းထွဋ်က “အာဏာသိမ်းပြီးအစ ၆ ရက်နေ့မှာ အဖွဲ့စဖွဲ့ပြီး လူထုဆန္ဒပြပွဲတွေနဲ့ ထွက်လာခဲ့ပါတယ်။ အဖွဲ့ရည်ရွယ်ချက်ကတော့ ဒီမြေပေါ်ကနေ စစ်အာဏာရှင်စနစ် အလုံးစုံ ပပျောက်သွားဖို့ပါပဲ ခင်ဗျ။ ဗမာ့လူငယ်ကွန်ရက်အနေနဲ့ လက်ရှိမှာ သပိတ်ကော်မတီ၊ မြို့ပြပြောက်ကျားအဖွဲ့လို့ ဖွဲ့ထားပါတယ်” လို့ ပြောပါတယ်။

ဗမာ့လူငယ်များကွန်ရက်တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊  ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့အခွင့်အရေးရရှိရေးနဲ့  ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အတူ ပြည်သူလူထုဆီမှာ သစ္စာခံပါတယ်လို့ ဒီနေ့ ကြေညာပါတယ်။

စစ်ရေးကိစ္စတွေအတွက် တမူးအခြေစိုက် ဗမာ့ကျောင်းသားများ အဖွဲ့အစည်း (BSO)၊ ဖက်ဆစ်တိုက်ဖျက်ရေးတပ်ရင်း၊ Myanmar Defense Force၊ Army Representing Myanmar Society တို့နဲ့ မဟာမိတ်ဖွဲ့ထားပြီး နိုင်ငံရေးအစုအဖွဲ့အနေနဲ့ ဒေါင်းတမန်၊ လူငယ်များသမဂ္ဂစတဲ့ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ပြုထားတယ်လို့ ဗမာ့လူငယ်ကွန်ယက်တပ်တော်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024