ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနားမှာ ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေထံက သိရပါတယ်။
အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးကျင်းပနေချိန် ဗုံးနှစ်လုံးပစ်ခံရလို့ပေါက်ကွဲသွားခဲ့ပြီး အဲဒီနားက ရပ်ကွက်ရုံးရဲ့ မျက်နှာချင်းဆိုင် အ.ထ.က (၈) ကျောင်းရှေ့က အမှိုက်ပုံးနေ ဗုံးဆင့်ကဲ ပေါက်သွားတာလို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခြေအနေတော့ မသိရသေးပါဘူး။ အဲဒီလိုကျောင်းရှေ့မှာ ဗုံးပေါက်လို့ ကျောင်းသားမိဘတွေက စိုးရိမ်တကြီးနဲ့ ကျောင်းသားတွေ သွားခေါ်ကြပေမယ့် ကျောင်းကပြန်မလွှတ်ပေးဘူးလို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
“ကျောင်းအုပ်ကြီးက ပြန်မလွှတ်ဘူး။ စိတ်မပူဖို့ ကျောင်းသားမိဘတွေကို ထွက်ပြောတယ်။ မိဘတွေကတော့ စိုးရိမ်ပြီး ဆက်စောင့်နေကြတယ်’လို့ ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။ ဒီနေ့မနက်ပိုင်း ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ယာဉ်ထိန်းရဲကင်းမှာ ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ မနက်အစောပိုင်း ၆ နာရီလောက်က ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။