တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်လာ (ရုပ်သံ)
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးပြီး တန်းစီ ခေါ်ဆောင်လာတဲ့ ရုပ်သံ ဗွီဒီယို လူမှုကွန်ရက်မှာ ပြန့်နေပါတယ်။
ဇန်နဝါရီ ၁၇ ရက်က ရှမ်းပြည်နယ်ထဲကတိုက်ပွဲတွေကြောင့်ရော၊ လက်နက်ကိုင်အဖွဲ့က အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့် ထွက်ပြေးခဲ့ကြောင်း၊ တောတောင်တွေ ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာကြတာမှာ ဖန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စု ပန်တောင်းကျေးရွာ အနီးတောအုပ်ထဲမှာ ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့ မွမ့်ပင်ကျေးရွာစည်ပင်ရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းစစ်တပ်က သူတို့ကို တန်းစီခေါ်ဆောင်လာကာ ကိုဗစ်-၁၉ စစ်ဆေးပေးပြီးနောက် အဲဒီနေ့မှာပဲ မြန်မာနယ်စပ်ကို ပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။
Video Credit- NBT