မကွေးတိုင်းဒေသကြီး ဆောမြို့နယ်အတွင်းမှာသစ်၊ ဝါး၊ မျောတွေကို စီးပွားဖြစ် ထုတ်ယူရောင်းချနေတာတွေကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်တားမြစ်လိုက်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေကက စတင်ပြီး အိမ်သုံး၊ ကျေးရွာ သုံးလုပ်ငန်းတွေအတွက် သစ်၊ ဝါး၊ မျော ထုတ်ယူသုံးစွဲတာကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဆီကို ဆက်သွယ်တင်ပြပြီး အခွန်ကင်းလွတ်ပမာဏအထိ ခွင့်ပြုချက်နဲ့ ထုတ်ယူသုံးစွဲခွင့်ပြုမှသာ ထုတ်ယူခွင့်ပြုမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုထားပါတယ်။
သတ်မှတ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး သစ်၊ ဝါး၊ မျော ထုတ်ယူသုံးစွဲခြင်းတွေ တွေ့ရှိခဲ့ပါက သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ဖဲ၊ ဇယ်၊ ဂျင်၊ ခြောက်ကောင်နဲ့ တရားမဝင် လောင်းကစားတွေကို လုံးဝမပြုလုပ်ကြဖို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။
တရားမဝင် လောင်းကစားတာတွေကို ဆက်လက်ကျူးလွန်နေတာ တွေ့ရှိပါက လောင်းကစား လက်ခံသူ အိမ်၊ ဝိုင်းပိုင်ရှင်၊ လောင်းကစားပြုလုပ်သူတွေကို သက်ဆိုင်ရာနယ်မြေအလိုက် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။