Home
မြန်မာသတင်း
ချင်းပြည်နယ်ဘက် စစ်ကူသွားသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေ
DVB
·
January 17, 2022

စစ်ကိုင်းတိုင်းကနေ ချင်းပြည်နယ်ဘက်ကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ကကားတွေ  ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးကာ အများ အပြားဒဏ်ရာရရှိသွားတယ်လို့ CDM-Syin တပ်ဖွဲ့ကနေ သိရပါတယ်။

ကလေးမြို့ကနေ ချင်းတောင်ဘက်ကို စစ်ကူတတ်လာတဲ့ စစ်ကောင်စီကား ၅ စီးကို ဒီကနေ့မနက် ၁၀ နာရီလောက်မှာ ချင်းပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများ အပြားဒဏ်ရာရရှိသွားတယ်လို့ CDM-Syinတပ်ဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကားအကြီး ၃ စီး၊ စက်သေနတ်ပါတဲ့ စစ်ကား အသေး ၂ စီးနဲ့ စစ်ကူတက်လာလို့ CNA, CDM Siyin,Kalay PDF , PDF Zoland, Zongam Army, CDF KKGနဲ့ Zomi PDF တို့စုပေါင်း မဟာမိတ်တပ်ဖွဲ့တွေက ခြုံခိုဖြတ်တိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရရသူများပြားတာကြောင့် နောက်ကို ပြန်လှည့်ပြီး ဆုတ်ခွာသွားကြတယ်လို့ ပြောပါတယ်။

တီးတိန်မြို့နယ် သိုင်းငင်းရွာဘက်ကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၁၅ ရက်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ညီနောင်မဟာမိတ်တွေဘက်က ရဲဘော် ၇ ယောက်အပြင်းထန်ဒဏ်ရာရရှိသွားပြီး  တစ်ယောက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024