အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဓာတ်ပုံကို ရန်ကုန်တွင် မီးရှို့ဆန္ဒပြ
DVB
·
January 15, 2022
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေစုပေါင်းပြီး ရန်ကုန်မှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့ညနေပိုင်းက စစ်ခေါင်းဆောင်ရဲ့ ဓာတ်ပုံကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြလူငယ်တွေဟာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” စာတန်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတမ်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
Photo -Ko Thant