Home
မြန်မာသတင်း
ရေဦးတွင် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၀ ဦးကျဆုံး
DVB
·
January 10, 2022

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း   အင်အား ၅၀ လောက်ရှိတဲ စစ်ကောင်စီတပ်ကို Area-21 Network အဖွဲ့က ဇန်နဝါရီ ၁၀ ရက် မနက် ၈ နာရီလောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ် နံသာကြိုင်ရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပါတယ်။

“ရွာစဉ်ထိုးငတ်ကြီးကျနေတဲ့ (-) သားတွေကို အလစ်ဝင်ပြီး ပြောက်ကြားနည်းနဲ့တိုက်ခိုက်ခဲ့တာ။ ဒီကောင်တွေ ၁၀ ဦးထက်မနည်း ကျလိမ့်မယ်ဗျ။ ကျနော်တို့ဘက်ကတော့ နယ်မြေကျွမ်းကျင်မှုကို အသုံးချနိုင်လို့ အကျဆုံးမရှိခဲ့ဘူး။” 

ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြာရေးဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်ခဲ့တာဟာ Area-21 အဖွဲ့နဲ့ ဒီပဲယင်း MDF၊ ဒီပဲယင်း ပ.က.ဖအဖွဲ့ ၃ ဖွဲ့ပေါင်းပြီး ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024