Live
Home
မြန်မာသတင်း
သရက်ခရိုင်ရဲမှူး လိုက်ပါလာသည့် စစ်ကောင်စီယာဥ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
January 6, 2022

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းက သရက်ခရိုင်ရဲမှူး လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သရက် PDF တပ်ဖွဲ့ဆီက သိရပါတယ်။

သရက်ခရိုင်ရဲမှူး လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ် ၃ စီးကို မွန်းလွဲ ၂ နာရီခွဲလောက်က ကံမမြို့နယ် ထန်းဖြူ (သပြူ) ရွာနားမှာ သရက်/ကံမ ပူးပေါင်း လင်းယုန်စစ်ဆင်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သရက် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီယာဥ်တန်းက ကံမမြို့ဘက်ကနေ သရက်မြို့ဘက်ကို ပြန်လာတာဗျ။ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတိကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေပါတယ်။ ကျနော်တို့ လင်းယုန်စစ်ဆင်ရေးတပ်ဖွဲ့က ရဲဘော်တွေကတော့ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။” 

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ထောက်တိုင်တွေနဲ့ ခပ်ကင်းကင်းခပ်ဝေးဝေးနေပြီး မပတ်သက်ကြဖို့နဲ့ စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် အပြုမူတွေကို ရှောင်ကျဥ်ကြဖို့ ပြောချင်တယ်လို့ ဆိုပါတယ်။

ကံမြမြို့နယ်ထဲမှာ မနေ့က ဇန်နဝါရီ ၄ ရက်နေ့မှာလည်း မြို့နယ်ထွေအုပ်ရုံးအပါဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူရုံးတွေနဲ့ စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ နေရာ ၇ ခုလောက်ကို ကံမ PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီခရိုင်ရဲမှူးယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024