ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မြစ်ဖျားဧရာအဝေးပြေး ကားကြီး၀င်းလမ်းဆုံမှာ ဇန်နဝါရီ ၄ ရက်နေ့ ည ၇ နာရီ၀န်းကျင်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဆိုင်ကယ်မောင်းနေတဲ့ သားအမိနှစ်ယောက်ကို ပြိုင်ကားတစ်စီးက ဝင်တိုက်သွားတာဖြစ်ပြီး အဲဒီလိုတိုက်ပြီးတဲ့နောက် ကားက မောင်းနှင်ထွက်ပြေးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက DVB ကို ပြောပါတယ်။
အခုလို အတိုက်ခံရပြီး သားအမိနှစ်ဦးလုံး အဆိုပါနေရာမှာပဲ သေဆုံးခဲ့တဲ့အတွက် နာရေး ကူညီမှုအသင်းကို အမြန် ဖုန်းဆက်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီ မြစ်ကြီးနားမြို့ ကားကြီးဝင်းလမ်းဆုံနေရာမှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုဖြစ်ပွားနေပြီး မီးပွိုင့်မထားရှိတဲ့အတွက် အခုလို ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းကလည်း အဆိုပါနေရာမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသေးတယ်။
သတင်း - Umay Chan