စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာက တက်ကြွလှုပ်ရှားသူတယောက်ရဲ့ နေအိမ်ကို ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ချိတ်ပိတ်ပြီး ပစ္စည်းတွေယူသွားသလို ရွာသားတယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က ရှိမ်းမကား ရဲစခန်းက ရဲတွေလာပြီး အဲဒီအိမ်ကို ဝင်ရှာတယ်။ ဥပဒေနဲ့မလွတ်ကင်းတဲ့ ဘာပစ္စည်းမှမတွေ့ရတော့ ဆန်အိတ်၊ နှမ်းအိတ်တွေယူသွားကြတယ်။ ဒီနေ့မနက်ရောက်တော့ အဲဒီအိမ်က အိမ်တံခါးတွေကို အသားတွေ ကန့်လန့်လုပ်ပြီး သံရိုက်ပိတ်သွားကြတယ်၊ နောက် ရွှေတိုက်တောင်ရွာက အပြစ်မဲ့ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးသွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေအိမ်ချိပ်ပိတ်ခံရသူဟာ ရှိမ်းမကားရွာသားတယောက်ဖြစ်ပြီး တော်လှန်ရေးကာလ တက်တက်ကြွကြွပါဝင်ခဲ့လို့ ချိပ်ပိတ်တာဖြစ်နိုင်တယ်ကာ မိသားစုတွေကတော့ တိမ်းရှောင်နေကြလို့ ဖမ်းဆီးခံရခြင်းမရှိဘူးလို့ ဆိုပါတယ်။
အလားတူ ရှိမ်းမကားတိုက်နယ်၊ ရုံးပင်ကုန်းအုပ်စု၊ ရွှေတိုက်တောင်ကျေးရွာကိုလည်း Local PDF တွေရှိတယ်လို့ဆိုပြီး ဝင်ရောက်ရှာဖွေကာ ရွှေမျော တစ်မျော ၂ သိန်းနှုန်း အတင်းအကျပ်ကောက်ခံတာတွေလုပ်ပြီး ရွာသားတယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။