ကိုဗစ်မျိုးကွဲ အိုမီခရွန်အတွက် သတိရှိရန် အာရှ-ပစိဖိတ်နိုင်ငံများကို WHO သတိပေး

အာရှ-ပစိဖိတ်နိုင်ငံတွေဟာ အိုမီခရွန် မျိုးကွဲကို ဖြစ်စေတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အသစ်အတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး သတိရှိရှိနေကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားပါတယ်။ 

ပြီးခဲ့တဲ့လက အာဖရိကတောင်ပိုင်းမှာ ပထမဆုံးတွေ့ရှိခဲ့ပြီး WHO ကနေ စိုးရိမ်မှုမျိုးကွဲလို့ နာမည်ပေးထားတဲ့ အိုမီခရွန်ဟာ ဘယ်လိုကူးစက်တတ်တယ်၊ သူ့ရောဂါ ဘယ်လောက်ပြင်းထန်တယ် ဆိုတာတွေကို ဖော်ထုတ်ဖို့ သိပ္ပံပညာရှင်တွေဟာ အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပါတယ်။ 

အနည်းဆုံး နိုင်ငံပေါင်း နှစ်ဒါဇင်မှာ ကူးစက်ခံလူနာတွေ အတည်ပြု ထုတ်ပြန်ခဲ့ပြီး သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယတို့မှ ရောဂါပိုးကူးစက်ခံရသူတွေ တွေ့ရှိရမှုနဲ့အတူ ဒီသီတင်းပတ်အတွင်း အာရှမှာ ခြေကုပ်ယူလာခဲ့ပါတယ်။ 

အစိုးရများစွာကလည်း ခရီးသွားစည်းမျဉ်းတွေကို တင်းကျပ်လိုက်ပြီး တုံ့ပြန်ကြပါတယ်။

နယ်စပ်ထိန်းချုပ်မှုတွေဟာ အချိန်ကိုဆွဲဆန့်ထားနိုင်ပေမယ့် နိုင်ငံတိုင်း၊ အသိုက်အဝန်းတိုင်းက တော့ အသစ်ကူးစက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ရမယ်လို့ WHO အနောက်ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Takeshi Kasai က အွန်လိုင်းမီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတွေဟာ ဒလ်တာမျိုးကွဲနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို အသုံးချရမယ်လို့ Kasai က ပြောကြားပါတယ်။ 

ဒါ့အပြင် ထိခိုက်လွယ်တဲ့အုပ်စုတွေကို ကာကွယ်ဆေး အပြည့်အဝထိုးကြဖို့နဲ့ နှာခေါင်းစည်း ဝတ်ခြင်းနဲ့ လူစုလူဝေးနေထိုင်ခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ကြိုတင်ကာကွယ်မှု အစီအမံများကို အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up