လာအိုနိုင်ငံတွင် ပထမဆုံးကျည်ဆန်ရထား ခရီးစဉ် စတင်ဖွင့်လှစ်

လာအိုနိုင်ငံနဲ့   တရုတ်နိုင်ငံနဲ့ ဆက်သွယ်ပြေးဆွဲမယ့် ပထဆုံးကျည်ဆန်အမြန်ရထားခရီးစဉ်ကို ဒီကနေ့မှာ တရားဝင် စတင်ဖွင့်လှစ်လိုက်တယ်လို့  Lao Star TV သတင်းမှာ ဖော်ပြပါတယ်။ 

ဖွင့်ပွဲအခမ်းအနားကိုတော့  ယမန်နေ့ ( ဒီဇင်ဘာ ၂ ရက် ) မှာကျရောက်တဲ့ လာအိုအမျိုးသားနေ့မှာ ဘာသာရေးဓလေ့ထုံးစံအတိုင်း မြို့တော် ဗီယန်ကျင်းမှာ ကျင်းပခဲ့ပါတယ်။

လာအိုအမျိုးသားနေ့ဖြစ်တဲ့အတွက် လာအိုပြည်သူတွေဟာ အမျိုးသားဝတ်စုံဝတ်ဆင်ပြီး ကျည်ဆန်ရထားအနီးမှာ ဂုဏ်ယူဝင့်ကြွားစွာ ဓာတ်ပုံရိုက်နေကြတာမြင်တွေ့ရပါတယ်။ 

ဒီကနေ့မှာ အမြန်ရထား စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပေမဲ့ ကိုဗစ်-၁၉ ကြောင့် ခရီးသည်တွေ တင်ဆောင်လို့မရသေးဘဲ ကုန်ပစ္စည်းတွေသာ တင်ဆောင်ခဲ့ပါတယ်။

ရထားလမ်းဟာ အရှည် ၄၁၄ ကီလိုမီတာရှိပြီး ၅ နှစ် ကြာတည်ဆောက်ခဲ့ရတဲ့ အဆိုပါ အမြန်ရထားစီမံကိန်းကို  တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း  လာအိုက ၃၀ ရာခိုင်နှုန်း  စုပေါင်းရင်းနှီးမြှုပ်နှံခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက်  ကုန်ကျတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ပမာဏငွေဟာ တရုတ်အတွက် မထောင်းသာလှပေမယ့်  လာအိုနိုင်ငံကတော့ နှစ်ပေါင်းများစွာအကြွေးဆပ်ရဖွယ်ရှိကြောင်း ၊ ရထားစီးခလည်း ဈေးကြီးလို့  စီးသူအများစုမှာ တရုတ်နဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေသာဖြစ်တာကြောင့် အကျိုးအမြတ်မှာလည်း လာအိုထက် တရုတ်က ပိုရမှာဖြစ်တယ်လို့ ထိုင်းစီးပွါးရေးပညာရှင်တွေက သုံးသပ်ကြောင်း Thai PBS သတင်းမှာလည်း ဖော်ပြပါတယ်။

မြန်နှုန်းမြင့် အမြန်ရထားဟာ တနာရီကို ကီလိုမီတာ ၁၆၀ နှုန်းနဲ့  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြိုကို ပြေးဆွဲမှာဖြစ်ပါတယ်။  

ခရီးသည်တွေကတော့ စနေနေ့လောက်မှာ စတင် လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပြည့်ထိုးပြီးသူတွေသာ စီးနင်းခွင့်ပြုမယ်လို့ နိုင်ငံပိုင်မီဒီယာ တွေမှာ‌ဖော်ပြပါတယ်။မြန်မာ့အိမ်နီးချင်း နိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတွေဟာ  ကမ္ဘာ့ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ(LDCs)အဆင့်က‌နေ လွတ်မြောက်သွားခဲ့ပြီလို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အတည်ပြုလိုက်ပါတယ်။

PHOTO CREDIT- BANGKOK POST

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up