အာဆင်နယ်နှင့်ပွဲတွင် ၂ ဂိုးသွင်းခဲ့သည့် စီရော်နယ်ဒို ကစားသမားဘဝသွင်းဂိုး ၈၀၀ ကျော်လာ

အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ မန်ယူတိုက်စစ်မှူးရော်နယ်ဒို ဟာ ကစားသမားဘဝတလျှောက် သွင်းဂိုးပေါင်း ၈၀၁ ဂိုး အထိရှိလာခဲ့ပါတယ်။ 

အာဆင်နယ်ဘက်ကို သွင်းယူခဲ့တဲ့ ပထမဂိုးဟာရော်နယ်ဒိုရဲ့ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းတွေအတွက် စုစုပေါင်း သွင်းဂိုး ၈၀၀ ပြည့်မြောက်ခဲ့ တာပါ။

နောက်ထပ် ပင်နယ်တီကနေလည်း ဒုတိယဂိုးထပ်သွင်းခဲ့တဲ့ရော်နယ်ဒိုဟာ သွင်းဂိုး ၈၀၁ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အဲဒီသွင်းဂိုးတွေထဲမှာ  ရီးရဲလ်မက်ဒရစ် အတွက်ဂိုး ၄၅၀ သွင်းခဲ့ပြီး  မန်ယူနိုက်တက်အတွက် ၁၃၀ ဂိုး သွင်းထားပါတယ်။

ပေါ်တူဂီအသင်းအတွက် ၁၁၅ ဂိုး၊ ဂျူဗင်တပ်အသင်းအတွက် ၁၀၁ ဂိုး၊ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုးနဲ့ စုစုပေါင်း ၈၀၁ ဂိုး အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြ ကာရစ်ဟာ သူ့လက်ထက်မှာ ကိုင်တွယ်ခဲ့တဲ့ ၃ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ၂ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။

နောက်တစ်ပတ်ပွဲစဉ်ကစပြီး ဂျာမန်နည်းပြသစ်  ရက်ဖ်ရင်းနစ်က ယူနိုက်တက်အသင်းကို စတင် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

Photo Ciredit

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up