Thursday, June 8, 2023
HomeLead Storyကဘူးလ်မြို့တွင် လမ်းဘေးဗုံးပေါက်ကွဲပြီး လူ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကဘူးလ်မြို့တွင် လမ်းဘေးဗုံးပေါက်ကွဲပြီး လူ ၅ ဦးထက်မနည်း ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲလို့ လူ ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာရီယာနာ ရုပ်သံနဲ့ မျက်မြင်သက်သေတွေက နိုဝင်ဘာ ၃၀ မှာ ပြောပါတယ်။

ဗုံးခွဲ တိုက်ခိုက်ရတဲ့ ပစ်မှတ်က တိုယိုတာ ဟိုင်းလပ်စ်ကားနဲ့ ဆင်တူတဲ့ နောက်ခန်းပွင့် ကားတစီး ဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေတွေနဲ့ မီဒီယာက ဖော်ပြပေမဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေနဲ့ တရားဝင် အတည်ပြုချက်တွေကိုတော့ မရသေးပါဘူး။

စီးပွားရေး အကျပ်အတည်း နက်ရှိုင်းလာနေတဲ့ နိုင်ငံကို ထိန်းချုပ်နေရလို့  တာလီဘန်အစိုးရမှာ  ဖိအားတွေ နဂိုတည်းက ရှိနေခဲ့ပါတယ်။တိုက်ခိုက်မှုတွေကြောင့် ဆယ်စုနှစ်ချီ စစ်ပွဲတွေအပြီးမှာ အာဖဂန် လုံခြုံရေး ပြန်ရနေပြီလို့ အခိုင်အမာ ပြောထားတဲ့ တာလီဘန် အစိုးရအပေါ် ဖိအားတွေ ပိုများလာခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular