ဆူဒန် နိုင်ငံရေးအကျဉ်းသားများကို ၂ ရက်အတွင်း ပြန်လွှတ်မည်

ဆူဒန်နိုင်ငံမှာ အရင်လက စစ်အာဏာသိမ်းမှုအပြီး ရာထူးတာဝန် ခန့်အပ်တာ ထုတ်ပယ်တာတွေကို ပြန်သုံးသပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လာမယ့် ၂ ရက်အတွင်း ပြန်လွှတ်ပေးမယ်လို့ ရာထူး ပြန်ရသွားတဲ့ ဝန်ကြီးချုပ် အက်ဘ်ဒါလာ ဟမ်းဒေါ့က နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ အာဏာသိမ်းအပြီး ဆူဒန်စစ်အုပ်ချုပ်သူတွေဟာ နိုင်ငံရဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ နေရာတွေအတွက် ဖြုတ်ပယ်ခံ ခေါင်းဆောင်ဟောင်း အိုမာအယ်လ် ဘတ်ရှိုင်းယားအစိုးရအရာရှိဟောင်းတွေကို ရာထူးခန့်အပ်ခဲ့တာပါ။

ဟမ်းဒေါ့ကတော့ အာဏာသိမ်းထားချိန်မှာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး နိုဝင်ဘာ ၂၁ ရက်မှာ စစ်တပ်နဲ့ သဘောတူညီချက်အတွင်း ရာထူးပြန်ရခဲ့ပါတယ်။

အစိုးရဝန်ထမ်း ရာထူးတွေအတွက် ခန့်အပ်ထုတ်ပယ်မှုအားလုံးကို ရပ်ထားဖို့ ဝန်ကြီးချုပ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းချိန်က အဖမ်းခံထားရတဲ့ ဝန်ကြီးတွေအပါအဝင် ထိပ်တန်း အရပ်ဖက်အရာရှိတွေ ကို သဘောတူညီချက်အရ နိုဝင်ဘာ ၂၇ ရက်နေ့ ပြန်လွှတ်ပေးမယ်လို့ ဝန်ကြီးချုပ်က ရုပ်သံကနေ ပြောပါတယ်။

ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တဲ့ ခုခံရေးကော်မတီတွေက ဖမ်းဆီးခံအဖွဲ့ဝင်တွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ထားတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

စစ်တပ်နဲ့ သဘောတူညီချက်အရ ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ပြီး အရပ်ဖက်အုပ်စုတွေဆီက ထောက်ခံမှုရရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဆူဒန်ရဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုဟာ ကြာသပတေးနေ့မှာ ချီတက်ပွဲတွေ ပိုလုပ်ဖို့ စီစဉ်ထားပြီး ဝန်ကြီးချုပ်နဲ့ စစ်တပ်ကြား သဘောတူညီချက်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။

ဝန်ကြီးချုပ်ကတော့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ အခွင့်အရေးကို အာမခံတာ သေချာစေဖို့ လုံခြုံရေးအဖွဲ့တွေနဲ့ တွေ့ခဲ့ပြီးပြီလို့ ပြောပါတယ်။

“ကျနော် ဝန်ကြီးချုပ် ဖြစ်နေသမျှ ကာလပတ်လုံး ဘယ်ဘက်ကမဆို ကြားဝင်စွက်ဖက်တဲ့ အမှုဆောင်တွေကို ကာကွယ်သွားမှာဖြစ်ပြီး မကာကွယ်နိုင်ရင် ထွက်သွားမယ်” လို့ သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up