Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား
DVB
·
November 24, 2021

ကရင်နီ (ကယား) ပြည်နယ်မှာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးသွားပါတယ်။

လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက် ဘုန်းကြီးကောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့  ကရင်နီပူပေါင်းတပ်တို့အကြား ညနေ ၃ နာရီကျော်က  တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီကျော်မှာလည်း ၅ မိုင်နဲ့ ၆ မိုင်အနီး သင်္ချိုင်းမှာ နောက်ထပ် နစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီလောက်မှာလည်း ဒီမော့ဆိုမြို့နယ်  ဒေါပိုးစီကျေးရွာအတွင်း စစ်ကောင်စီတွေကို ကရင်နီပူးပေါင်းတပ်က ခုခံတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးသွားသလို ညနေ ၃ နာရီမှာလည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းနီး နစ်ဖက် အပြန်အလန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ဒီကနေ့ တရက်တည်း စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ  ၇ ဦး ဒဏ်ရာရခဲ့သလို ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024