ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာမှာ Mytel တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ ညနေ ၃ နာရီ ၄၇ မိနစ်လောက်က တာဝါတိုင်အနီးမှာ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်စီးပြီး ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အသေ ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို တွံ့တေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခံ ပျံလွှားတွေအတွက် လက်စားချေတုံ့ပြန်တဲ့အနေနဲ့ စတင်လိုက်တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။