ကလေးမြို့ လေယာဉ်ကွင်းဘေးနား ဗုံးပေါက်ကွဲ
DVB
·
November 17, 2021
စစ်ကိုင်းတိုင်း ကလေးမြို့ လေယာဉ်ကွင်း ဘေးနားမှာ နိုဝင်ဘာ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု နေ့လယ် ၁၂ နာရီလောက် လေယာဉ်ကွင်းအပြင်မှာ ဗုံးပေါက်ကွဲတယ်။ အထိအခိုက် အပျက်အစီးလည်း ဘာမှ မတွေ့ရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို လေယာဉ်ကွင်းဗုံးပေါက်တာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။
ကလေးမြို့မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၁၆ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်က ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် အခုလို ဗုံးပေါက်ကွဲခဲ့ပါတယ်။