မွန်ပြည်နယ်၊ မုဒုံမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးဟာ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်က ဖမ်းဆီးခံလိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ကိုဆန်းလင်းဦးကို စစ်ကောင်တပ်ဖွဲ့ဝင်တွေက မော်လမြိုင်သို့ လာရောက် ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ကိုဆန်းလင်းဦးဟာ CDM ဝန်ထမ်းတွေနဲ့ အဆက်အသွယ် ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
ဖမ်ဆီးခံလိုက်ရတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်ဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးပါဘူး။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မကြာခဏ ဖမ်းဆီးစစ်ဆေးမေးမြန်းခံနေပါတယ်။
ဖမ်းဆီးခံရတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တချို့ ပြန်လည် လွတ်မြောက်လာပေမယ့် တချို့ကိုတော့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။