Home
ရုပ်သံ
မုံရွာမြို့ ရဲလေ့ကျင်ရေးသင်တန်းကျောင်း ပစ်ခတ်ခံရ (ရုပ်သံ)
DVB
·
November 12, 2021

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ရဲလေ့ကျင်ရေးသင်တန်းကျောင်းကို နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကျောင်းရှေ့ကားလမ်းမပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး အခုလို ပစ်ခတ်မှုကြောင့် ရဲလေ့ကျင်ရေးသင်တန်းကျောင်း အစောင့် စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို PDF-SOUTH Monywa အဖွဲ့၊ Monywa Heroes Group (MHG) နဲ့  Generation Defense Force အဖွဲ့တွေ ပူးပေါင်း  ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့   MHG အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024