Live
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်တွင် ပထမနှစ်ကျောင်းသူ တစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
DVB
·
November 10, 2021

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက ပထမနှစ်တက္ကသိုလ် ကျောင်းသူတစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီး ကျေးရွာမှာ မနေ့ညနေ ၃ နာရီကျော်လောက်မှာ မကွေးတက္ကသိုလ်က ပထမနှစ်ကျောင်းသူ မအေးသက်မွန်ကို အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကားလေး ၂ စီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ရွာခံတစ်ယောက်က DVB ကို ပြောပါတယ်။

မအေးသက်မွန်ဟာ PDF တပ်ဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ မန်ကျည်းကုန်းကြီးကျေးရွာက ဒလန်တွေက သတင်းပေးတာကြောင့် အခုလို အဖမ်းခံရတာလို့ ဆိုပါတယ်။

မအေးသက်မွန်ဟာ NLD ပါတီ ထောက်ခံဝန်းရံသူသာဖြစ်ပြီး PDF နဲ့ ဆက်သွယ်တာမျိုး မရှိဘဲ ဒလန်ကသတင်းပေးတာကြောင့် မတရားဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။

ဖခင်ဖြစ်သူနဲ့ မိသားစုဝင်တွေကို ဆက်သွယ်ပေမယ့်လည်း မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ ပြန်လည်ဖြေကြားခြင်းမရှိဘဲ စစ်အုပ်စုတွေက မအေးသက်မွန်ကို ဘယ်ကိုခေါ်သွားလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024